Monday, August 21, 2023

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ရေဆင်းပထမနှစ်သင်တန်းဝင်ခွင့်အတွက် လျှောက်လွှာများခေါ်ယူ



သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ရေဆင်းပထမနှစ်သင်တန်းဝင်ခွင့်အတွက် လျှောက်လွှာများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ယနေ့(ဩဂုတ်လ ၂၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။


အဆိုပါ လျှောက်ထားသူများအနက် အမျိုးသား (၆၄)ဦးနှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၈၀)ဦး တို့ကို ခေါ်ယူသွားမည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရန်လိုပြီး စုစုပေါင်းရမှတ် (၃၆၀)နှင့်အထက်ရရှိရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

လျှောက်လွှာများကို နေပြည်တော်၊ ဇေယျသီရိမြို့နယ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ‌ သင်တန်းရေးရာဌာန သို့ စက်တင်ဘာလ (၂၉)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

CRD; NP News

0 Comments:

Post a Comment