ဩဂုတ် ၂
ဩဂုတ် ၁ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်၊ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ချမ်းတောင်အုပ်ချုပ်ရေးမှူးရုံးတွေ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ဩဂုတ် ၁ ရက် ည ၉ နာရီခန့်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၀ လမ်း ကြားရှိ (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းနဲ့ လာရောက် ပစ်ပေါက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကြားသိရပါတယ်။
ထို့အတူ ည ၈နာရီခန့်မှာလည်း ချမ်းမြသာစည်မြို့နယ်၊ ဦးပွါးခုံးကျော်တံတားအနီးရှိ တောင်ရပ်ကွက်(ချမ်းတောင်) အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ရုံးအတွင်းရှိ ရာအိမ်မှူး ဦးဝင်းဇော် အပါအဝင် အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရုံးရှေ့မှာ ရပ်ထားတဲ့ Honda Fit ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment